push noti

ယနေ့ ပြည်တွင်းပဲမျိုးစုံဈေးနှုန်းများ (9.2.2024)



ယနေ့ ပြည်တွင်းပဲမျိုးစုံဈေးနှုန်းများ (9.2.2024)


1067
February 9, 2024
Current Content

ယနေ့ (၉.၂.၂၀၂၄) သောကြာနေ့၊ ရန်ကုန် (ဘုရင့်နောင်ကုန်စည်ဒိုင်) တွင် ဖြစ်ပေါ်ခဲ့သော မတ်ပဲ၊ ပဲစင်းငုံ ဈေးနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။ (မက်ထရစ်တစ်တန်ဈေး ဖြစ်သည်)

မတ်ပဲ (FAQ/RC) (2024 Crop) 3,300,000/-
မတ်ပဲ (SQ/RC) (2024 Crop) 3,525,000/-
ပဲစဉ်းငုံ(Red/RC) (2024 Crop) 4,027,000/-

ယမန်နေ့ ဈေးနှင့်ယှဉ်ပါက မတ်ပဲ၊ ပဲစင်းငုံများ ပြန်တက်လာသည်။ ယင်းပဲ​ဈေးများသည် သုံးရက်ဆက်တိုက် ကျ​​နေရာမှ ပြန်တက်လာခြင်း ဖြစ်ပြီး မတ်ပဲ FAQ တစ်တန်လျှင် ကျပ် 33 သိန်းသို့ ပြန်​​ရောက်လာသည်။ ပဲစင်းငုံဈေးမှာလည်း ကျပ် သိန်း 40 အ​ပေါ် ပြန်​ရောက်လာသည်။

ယနေ့တွင် ရန်ကုန် မတ်ပဲ Raw ဈေးကို ကျပ် 319000 ဖြင့် စဖွင့်ပြီးနောက် 320000 သို့ မြင့်လာသည်။ နယ်မတ်ပဲဈေးများသည်လည်း ကျပ် 105000 အောက် ကျခဲ့ရာမှ ယနေ့တွင် 105000 အပေါ်သို့ ပြန်တက်လာသည်။

ရန်ကုန်၊ ခရမ်းသုံးခွနယ်တွင် ပဲတီစိမ်းရွှေဝါ (အသစ်) ဈေးသည် ယခင်အပတ်က ကျပ် 90000 – 93000 ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး ယနေ့တွင် 87000 – 88500 ခန့် ဈေးရှိနေသည်။

ယနေ့သည်  ပြာသိုလကွယ်​နေ့ ဖြစ်​သော​ကြောင့် ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း – မန္တလေးကုန်စည်ဒိုင် ပိတ်ပါသည်။

ယနေ့ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတကုန်စည်ဒိုင်ရှိ ပဲမျိုးစုံပေါက်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်သည်။
မတ်ပဲ – 105500/105000
လွန်းဖြူ – 76000
လွန်းနီ – 83500
ရွှေဝါ – 77000
ဆီတိုး – 62000
ပဲတီစိမ်းနီ – 103000
ဘိုကိတ် – 76000
ပဲယင်း – 76500
ဝါးခယ်မ (ထိပ်စ) – 76000
မြစ်ဝ – 70000

ယနေ့ ဇလွန်နှင့် လက်ပံတန်းတွင် ဖြစ်ပေါ်နေသော ပဲဈေးမှာ အောက်ပါအတိုင်း ဖြစ်သည်။
မတ်ပဲ – 105300/106000
ပဲတီစိမ်းရွှေဝါ (အသစ်) – 76000/77000/78500
ပဲတီစိမ်း (ဝါးခယ်မ) အသစ် ထိပ်စ – 75500/76000/76500
မြစ်ဝ (အသစ်ထိပ်စ) – 70000
လွန်းဖြူ – 74000/75000
လွန်းနီ – 83000/84000
ပဲငပိ – 61500/62000
ပဲယင်း – 75500/76500
ပဲတီစိမ်းနီ – 102000/103000

ယနေ့ ပြင်ပငွေလဲဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေးသည် တစ်ဒေါ်လာလျှင် 3480 -3520 ကျပ် ခန့် ရှိနေပြီး ပြင်ပရွှေဈေးသည် တစ်ကျပ်သားလျှင် 3840,000 ကျပ်ဝန်းကျင် ရှိသည်။ ၁၅ ပဲရည် ရွှေဈေးသည် 3615,000 ကျပ်ခန့် ဖြစ်သည်။

Current Content က ယခု တင်ပြထားသော ဈေးနှုန်းများသည် အချိန်နှင့် နေရာအလိုက် ကွာဟမှု ရှိနိုင်ပြီး အပြောင်းအလဲ ဆက်ဖြစ်နိုင်ပါသည်။



Source link

See also  techvids.in : How To Add Feature Video and Playlist on Blank Youtube Channel

Leave a Reply

Your email address will not be published. Required fields are marked *

Verified by MonsterInsights