push noti

လီဗာပူး အသင်းရဲ့ ဒီရာသီ ပြိုင်ပွဲစုံ ရှုံးပွဲ ၄ ပွဲလုံးမှာ ထူးထူးခြားခြား တူညီတဲ့ အချက် တစ်ခု ရှိနေပါတယ်


ပြီးခဲ့တဲ့ပွဲ အမ်းမရိတ်မှာ အာဆင်နယ်ကို အရေးနိမ့်ပြီးနောက် ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံ ရှုံးပွဲ ၄ ပွဲ ရှိလာပြီ ဖြစ်ပါတယ်။ ဒီ ရှုံးပွဲ ၄ ပွဲ လုံးမှာ တူညီတဲ့ အချက် တစ်ချက် ထူးခြားစွာ ရှိနေပါတယ်။

အဲဒါကတော့ ထို ၄ ပွဲလုံးမှာ တိုက်စစ်မှုး ဒါဝင်နူးညက်ဇ် ပွဲထွက် လူစာရင်းမှာ မပါဝင်ခဲ့တာ ဖြစ်ပါတယ်။ နူးညက်ဇ် ဟာ ဆာလာ လို ထူးချွန်တဲ့ တိုက်စစ်မှုး တစ်ဦး မဟုတ်တာကြောင့် ပြိုင်ဘက်တွေ မကြာခဏ လှောင်ပြောင်တာတောင် ခံနေရသူပါ။

ဒါပေမယ့် သူက လီဗာပူး အသင်း အတွက် ဘယ်လောက် အရေးပါတဲ့ ကစားသမားလဲ ဆိုတာ လီဗာပူး အသင်း ရဲ့ ရှုံးပွဲတွေကတော့ မြင်သာစေခဲ့ပါပြီ။

စက်တင်ဘာလထဲ လီဗာပူးအသင်းက စပါးကို ၂-၁ နဲ့ အရေးနိမ့်စဉ်က နူးညက်ဇ် ဟာ အရန်ခုံမှာသာ ရှိပြီး ပါဝင် ကစားခွင့်လည်း မရလိုက်ပါဘူး။

လီဗာပူးက တူလော့စ်ကို ၃-၂ နဲ့ ရှုံးခဲ့စဉ်ကလည်း ဒါဝင် နူးညက်ဇ် ဟာ ပွဲချိန် ၇၃ မိနစ်မှ လူစားဝင်ခဲ့တာပါ။ ဒီဇင်ဘာလထဲ USG ကို အရေးနိမ့်တုန်းကလည်း ၎င်းက ၆၃ မိနစ်မှာ လူစားဝင် ကစားခဲ့ပြန်တာ ဖြစ်ပါတယ်။

အခု နောက်ဆုံး ရှုံးခဲ့တဲ့ လီဗာပူးရဲ့ အာဆင်နယ်ကို ၃-၁ နဲ့ အရေးနိမ့်တဲ့ ပွဲမှာလည်း နူးညက်ဇ်က ၅၈ မိနစ်မှ စတင် ဝင်ကစားခဲ့တာပါ။

နောက်ထပ် ပို စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်က ဒီရာသီ လီဗာပူး ရှုံးပွဲတွေ မတိုင်ခင် ပြီးခဲ့တဲ့ရာသီ နောက်ဆုံး ရှုံးပွဲ ဖြစ်တဲ့ မန်စီးတီးကို ၄-၁ နဲ့ ရှုံးတဲ့ ပွဲမှာလည်း ဒါဝင် နူးညက်ဇ် ပွဲမထွက်ခဲ့ပါဘူး။

ကလော့ပ်ရဲ့ အသင်းမှာတော့ ဒါဝင် နူးညက်ဇ်ရဲ့ အရေးပါမှုတွေက ငြင်းဆို မရနိုင်တော့ပါဘူး။ ဥရုဂွေးသား ဟာ ကိုယ်တိုင် ဂိုးသွင်းရာမှာ အဆုံးသတ်ပိုင်း အားနည်းမှုတွေ ရှိပေမယ့် အတိုးအလှုပ်နဲ့ နေရာယူမှုတွေကတော့ အသင်းကို ပိုပြီး အသက်ဝင် ရုပ်လုံးကြွစေတာ အမှန်ပဲ ဖြစ်ပါတယ်။



Source link

See also  Child killed in Lancaster County Christmas Eve crash

Leave a Reply

Your email address will not be published. Required fields are marked *

Verified by MonsterInsights